နည်းပညာတွေမျှဝေပေးတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေခင်ဗျာ။
တင်သမျှ ပို့စ်များအား Facebook တွင် ကြည့်ရှုနိုင်ရန် Facebook Page အား Like လုပ်ထားနိုင်ပါတယ်...
Showing posts with label အင်တာနက်သုံးနည်း. Show all posts
Showing posts with label အင်တာနက်သုံးနည်း. Show all posts
Wednesday, February 5, 2014
Tuesday, February 4, 2014
အင်တာနက်သုံးနေသူတွေအားလုံး ဘာပဲလိုချင်လိုချင် ဒီနည်းလေးကိုသုံး
ဒီနည်းလေးကတော့ အင်တာနက်သုံးတဲ့သူ အတော်များများသုံးနေတဲ့ နည်းတစ်ခုပါ
ရှာတဲ့နည်းလေးကို အနည်းငယ်သိသလောက်ရေးပြပါမယ်..............................
စာအုပ် ရှာဖွေနည်း
သီချင်းရှာဖွေနည်း
သီချင်းနာမည်ရေးရှာပါ ။ အဆင်မပြေရင် အဆိုတော်နာမည်နဲ့ ရှာပါ ။ နောက်ထပ်
သေချာအောင် စီးရီးနာမည်တွေနဲ့ ဆက်လက်ရှာဖွေကြည့်ပါ..........................။
ဇာတ်လမ်းရှာဖွေနည်း
ဇာတ်လမ်းနာမည်နဲ့ ရေးပြီးရှာပါ ။ မင်းသားမင်းသမီးနာမည်နဲ့ ရေးပြီးရှာပါ
ဆော့ဝဲရှာနည်း
လိုချင်တဲ့ဆော့ဝဲနာမည်ကို အင်္ဂလိပ်လိုရေးပါ ။ ဥပမာရေးပြပါမယ်
Internet Download Manager with path
Internet Download Manager with Crack
Internet Download Manager with Serieal Key
Internet Download Manager with Key gen
ဘာလို့  Path , Crack , Serieal Key , Key gen တွေထည့်ရလည်းဆိုရင်
Full Version ဖြစ်အောင်လို့ ပါ ။ ဒါမှအပြည့်အ၀ သုံးလို့ ရမှာ မဟုတ်ရင်
ရက် ၃၀ ပြည်တာနဲ့ သုံးမရတာ ဖြစ်တတ်တယ် ။ တချို့ ဆော့ဝဲကတော့
သူ့ ဆော့ဝဲပေါ်မူတည်ပြီး ရက်ကွာခြားပါလိမ့်မယ်..........................။
ကွန်ပျုတာ ပြဿနာတက်လာလျှင် ဖြေရှင်းနည်းရှာရန်
ရှာရမယ့်နည်းကတော့ သိပ်မများပါဘူး ။ အကောင်းဆုံးကတော့ အင်္ဂလိပ်လိုရေးပါ
ဒီနေရာမှာ အင်္ဂလိပ်လို တအားသိစရာ မလိုပါဘူး ။ကိုယ်ဖြစ်တဲ့ပြဿနာကို သိဖို့ ပါ
ကွန်ပျုတာမှာ ပြဿနာတက်လျှင် Error Message , Error number တွေပါတယ်
အဲ့တာလေးတွေ သေချာမှတ်ထားဖို့ ပါ ရေးပုံရေးနည်းကတော့..
How to solve........................( နောက်က Error Message စာကိုထည့်ပါ)
How to fix............................( နောက်က Error Number ရိုက် ကိုထည့်ပါ )
အခုရေးပြတဲ့နည်းဟာ လက်တွေ့ သုံးနေတဲ့ နည်းလေးတွေပါ ။
အဆင်လည်းပြေသလို သဘာဝလည်းကျပါတယ် ။ ဘယ်လိုနည်းပညာရှင်တွေမဆို
ဒီနည်းလမ်းကို တစ်နည်းမဟုတ် တစ်နည်းသုံးကြပါလိမ့်မယ် ဆော့ဝဲအတော်များများ
နိုင်ငံခြားကရေးပြီး သုံးနေတဲ့ဆော့ဝဲအကြီးတွေ ရယူဖို့ နိုင်ငံခြားပညာရှင်ဆိုဒ်တွေကို
အမှီပြုနေရပါတယ်။ ရှေ့ လူကြီးတွေလုပ်သွားလို့  နောက်လူတွေက အမှီသဟဲပြု
လေ့လာကြရတာပါ ။ ကျနော်ကိုယ်တိုင်ထုတ်တဲ့ဆော့ဝဲ ဘာတစ်ခုမှ မရှိသေးပါဘူး
ဆော့ဝဲကောင်းကောင်းရဖို့  နိုင်ငံခြားဆိုဒ်တွေ လေ့လာဖို့ လိုပါတယ် ။လိုချင်တဲ့ဟာ
ယူတာ အင်္ဂလိပ်စာတတ်ဖို့ မလိုပါဘူး ။ ဆော့ဝဲရလာပြီဆိုရင် ကိုယ်တိုင်သုံးကြည့်
စမ်းသပ်ကြည့် အဆင်ပြေတယ်ဆို ပြန်တင်ပေးတာပါ။ အခုနောက်ပိုင်း သိပ်ပြီးမယူ
မသုံးဖြစ်တော့ပါဘူး အချိန်မရတာနဲ့ အတိုအထွာလောက်ပဲ ရေးတင်ဖြစ်တော့တယ်
အဲ့ကြောင့် လိုချင်တဲ့ဆော့ဝဲ လိုချင်တဲ့အရာမှန်သမျှ ဒီနည်းလမ်းကိုသုံးကြည့်နိုင်ဖို့ 
အကြံပြု ရေးသားတင်ပြ မျှဝေလိုက်ပါကြောင်း............................................။
credit to - Kaung Khant
Friday, January 31, 2014
အင်တာနက်သုံးနည်း(၂)
What is Website?
Website ကို Webpage တွေနဲ့ ဖွဲ့စည်းထားပါတယ်။ Website တခုကို ဖွင့်လျှင် ပထမဆုံး စာမျက်နှာကို Home Page လို့ခေါ်ပြီး Website တခုလုံးရဲ့ အဓိက နေရာပေါ့။ Home Page တခုကို ကြည့်ရင် ဒီ Website ထဲမှာ ဘယ်လိုအကြောင်းအရာတွေ ပါတယ်ဆိုတာ ခြုံငုံသိနိုင်ပါတယ်။ ဥပမာ - www.planet.com.mm ကို ရိုက်ကြည့်ပါ။ ဒီ Website ထဲမှာ Webpage ခွဲတွေ အများကြီး ပါပါတယ်။ အောက်မှာ လေ့လာကြည့်ရအောင်...
- New
- Dictionary
- Mobile
- Movie
- Cyberfriends
- Horoscopes
- Intl' Stars
- Pcards
စသည့်ဖြင့် Page တွေအများကြီးပါပါတယ်။ ဒါဆို Home Page တခုကိုကြည့်ရင် ဒီ website မှာ ဘာတွေပါတယ်ဆိုတာ သိပြီလို့ ထင်ပါတယ်။
Website တခုမှာ စာမှာ Link တွေရှိခဲ့ရင် (Click နှိပ်လို့ Page တခုထပ်ကျလာခြင်း) Text Hyper Link လို့ခေါ်ပြီး၊ ပုံတပုံကို ထောက်လိုက်လို့ လက်ဝါးပုံလေးရှိခဲ့ရင် Graphic Hyper Link လို့ခေါ်ပါတယ်။
Website Address and Domain Name
Webpage တိုင်းမှာ ကိုယ်ပိုင်လိပ်စာ တခုစီရှိကြပါတယ်။ ၄င်းလိပ်စာများသည် Webserver များပေါ်တွေ သူတို့ရှိနေမယ့် နေရာတွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ Website တခုရဲ့ address ကို လေ့လာကြည့်ရအောင်နော်။
www.planet.com.mm
www = World Wide Web ပေါ်မှာရှိသည်။
.planet = Second Level Domain Name (ဒါကတော့ အဖွဲ့စည်း တခု၊ (သို့) တစုံတယောက်ရဲ့ အမည်ပါ)
.com = Top Level Domain Name (ဒါကတော့ အဖွဲ့အစည်းအမျိုးအစားပေါ် မူတည်ပြီး သတ်မှတ်သည်)
.mm = Country Code (ဒါကတော့ လွှင့်တင်ထားတဲ့ တိုင်ပြည်ရဲ့ အမည်ပါ)
Top Level Domain Name ရဲ့ အမည်များ
.com = Commercial Organization (စီးပွားရေးနဲ့ ဆိုင်သော Website အတွက် အသုံးပြုသည်)
.edu = Education Institution (ပညာရေးနဲ့ဆိုင်သော Websiteများအတွက် အသုံးပြုသည်)
.gov = Government Organization (အုပ်ချုရေးနဲ့ဆိုင်သော Website များအတွက် အသုံးပြုသည်)
.mil = Military (ဌာနဆိုင်ရာနဲ့ဆိုင်သော Website များအတွက် အသုံးပြုသည်)
.net = Network Organization (အများပိုင်သော Website များအတွက် အသုံးပြုသည်)
.org = Non Profit Organization (အခကြေးငွေနဲ့မသက်ဆိုင်သော အများကျိုးတွက်သုံးသော Website များအတွက် အသုံးပြုသည်)
မှတ်ချက် - Top Level Domain Name များအကြောင်းဆက်လေ့လာချင် Search Box မှာ Top Level Domain Name လို့ရိုက်ပြီး ရှာပြီး လေ့လာနိုင်ပါတယ်။
Country Code များ
Country Code ကိုကြည့်ပြီး ဘယ်နိုင်ငံက တင်ထားတဲ့ Website လဲဆိုတာ သိနိုင်ပါတယ်။
ဥပမာ -
.mm = Myanmar
.au = Australia
.jp = Japan
.sg = Singapore ...
မှတ်ချက် - Country Code များအကြောင်းဆက်လေ့လာချင် Search Box မှာ Country Code လို့ရိုက်ပြီး ရှာပြီး လေ့လာနိုင်ပါတယ်။
ဆက်ရန်
မိုး
Thursday, January 30, 2014
ဘာသာစကား ၂၄ မျိုးကို ဘာသာပြန်ပေးနိင်တဲ့ Website
ဘာသာစကား ၂၄ မျိုးကနေ မြန်မာဘာသာကိုပါ ဘာသာပြန်ဆိုနိင်မယ့် Website ပါ။
အသုံးပြုပုံကတော့ ကို ဘာသာ ပြန်ချင်တဲ့ စာသားကို Copy ~ Paste လုပ်ရင်လုပ် မလုပ်ရင်လည်း ကိုယ်တိုင်ပဲ Google it ဘေးက ကွက်လပ်မှာ ရိုက်လိုက်ပါ။ပြီးရင်တော့Enter တစ်ချက်ခေါက်လိုက်ပါ။အဲတာ ဆို သူက Translate လုပ်ပေးပါလိမ့်မယ်။ထို့ပြင်ကျနော်တို့ ရေးတဲ့ စာသားတွေကိုလည်း Suggest လုပ်ပေးပါတယ်။ဥပမာ ~ ကျနော်တို့ တခါတလေ စာလုံးပေါင်းသေချာမမှတ်မိဘဲ..အလယ်မေ့နေတာတို့ အဆုံးမေ့တာတို့ဖြစ်တတ်ပါတယ်..အဲအခါကြရင် ကိုယ်က နဲနဲလေး ရိုက်လိုက်တာနဲ့ သူက Suggest ပေးတာပါ။ I Love လို့ရိုက်လိုက်တာနဲ့ I LOVE You ဆိုပြီး Suggest တက်လာပါတယ်။
နောက်ပြီး အဲ့ဆိုဒ် ကနေလဲ မြန်မာ Fonts တွေ ကို Down လို့ ရပါသေးတယ်။..........
ဘာသာပြန်နိင်မယ့် ဘာသာစကား ၂၄မျိုးကတော့ ~
အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊
အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား ၊ ဂျပန်၊
တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊
ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊ ဖိလစ်ပိုင်၊
Polish နှင့် Danish တို့ဖြစ်ပါတယ်။
International
English - Myanmar
Hebrew - Myanmar
Greek - Myanmar
Portuguese - Myanmar
French - Myanmar
Dutch - Myanmar
Arabic - Myanmar
Spanish - Myanmar
Europe
Norwegian - Myanmar
Finnish - Myanmar
Romanian - Myanmar
Polish - Myanmar
Swedish - Myanmar
Danish - Myanmar
German - Myanmar
Russian - Myanmar
Asia
Japanese - Myanmar
Chinese - Myanmar
Korean - Myanmar
Malay - Myanmar
Filipion - Myanmar
Vietnamese - Myanmar
Thai - Myanmar
Hindi - Myanmar
Website နာမည်ကတော့ MyOrdbok ဖြစ်ပါတယ်။ ဒီမှာ သွားကြည့်လိုက်ပါ။ ဘာသာစကားသင်ကြားနေသူတွေအတွက်ကော.. ဘာာသာ ပြန် လုပ်နေသူတွေအတွက်ပါ အသုံးဝင်မယ့် Website လေးတစ်ခုဖြစ်ပါတယ်။
credit to- မောင်(စွယ်စုံကျမ်း)
Browser တစ်ခုထဲမှာ Facebook , Gmail , twitter အကောင့် နှစ်ခု သုံးခု တစ်ပြိုင်ထဲသုံးချင်ရင်

Chorme Browser နဲ့ Firefox Browser မှာ မိမိတို့ ရှိသမျှ Facebook,Gmail,twitter စ,တဲ့အကောင့်တွေကို တပြိုင်ထဲ Login ဝင်လို့ရနိုင်ပါတယ်....
Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser မှာ Add ပေးရမှာပါ Firefox Browser မရှိသေးရင် ဒီမှာဒေါင်းပါ.... Extension အတွက် ဒီနေရာကို နှိပ်ပြီး Add to firefox ကိုနှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install လုပ်ပေးလိုက်ပါ ... အဆင်မပြေရင် (Firefox ကို ပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ)
အားလုံးပြီးရင်တော့...
အားလုံးပြီးရင်တော့...
ကွန်ပျူတာ ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်လို့ဖြစ်စေ အောက်ကပုံထဲကလို
Browser ရဲ့ အပေါ် ညာဘက်ထောင့်ကနားက Multifox icon လေးကတဆင့် New ကို နှိပ်လို့ဖြစ်စေ Facebook နှစ်ခု သုံးခု Gmail,twitter နှစ်ခု သုံးခု (၁၀၀) ခု ကို Browser တစ်ခုထဲမှာပဲ New Tab ခေါ်ပြီး Login ဝင်နိုင်ပါပြီ....

Chrome Browser မှာတော့ မည်သည့် Extension မှ ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N ကိုနှိပ်ပြီး ရှိသမျှ Account တွေကို Login ဝင်လို့ရအောင်ဖန်တီးပြီးသားပါ.....အားလုံးအဆင်ပြေကြပါစေ......
credit to - ဝင်းကမ္ဘာကျော်
ကြယ်မင်း
Wednesday, January 29, 2014
Internet အသုံးပြုနည်း (၁)
ခေါင်းစဉ်ကို အရိုးရှင်းဆုံးပေးထားပါတယ်။ Internet ကို ခုမှစပြီး သုံးမယ့်သူတွေအတွက် ရည်စူးပြီး မမိုးရဲ့ ကိုယ်ပိုင်သင်တန်း (MOE Computer Sale, Service & Training) သုံးတဲ့ note များနှင့် မိုးဥာဏ်စွမ်းရှိသလောက်လေးကို ပေါင်းပြီး မျှဝေပေးလိုက်ပါတယ်ရှင်။
Internet ဆိုတာဘာလဲ?
Internet ဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီး တနိုင်ငံနှင့်တနိုင်ငံ သတင်းအချက်အလက်များကို အလွယ်တကူ ပေါင်းကူးနိုင်သော ကွန်ယက်ကြီး (Network) တခုပါပဲ။ Internet Connection ကို ဘယ်ကရနိုင်မလဲ? အမျိုးအစား ဘယ်နှစ်ခုရှိလဲ?
Four Types of Internet Connection
1. Dial-up
ကြိုးဖုန်းရှိရုံနဲ့ Internet Access Card (နာရီဖြင့် - ဥပမာ (၁၀)နာရီကတ်) ၀ယ်ယူပြီး Internet ကို မိမိ computer တွင် Modem ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က ဖုန်းပြောနေရင် Internet အသုံးပြုလို့မရဘူး။ Connection အနှေးဆုံးပါ။
2. ADSL
ADSL လိုင်းကိုသုံးမယ်ဆိုရင်လဲ ကြိုးဖုန်းရှိဖို့လိုအပ်ပါတယ်။ သူကတော့ ဖုန်းပြောနေရင်း အင်တာနက်သုံးလို့ရတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကြိုးဖုန်းရှိတဲ့ အရပ်ဒေသတွေမှာ အင်တာနက်ဆိုင်တော်တော်များများအသုံးပြုနေကြတာပါ။
3. IP Star
IP Star ကတော့ ကြိုးဖုန်းရှိဖို့မလိုဘူး။ သူ့ရဲ့ အားနည်းချက်ကတော့ ရာသီဥတု မကောင်းရင် လိုင်းကျပြီ။ အတွေ့အကြုံအရ ပြောရခြင်းပါရှင်။ ဈေးကတော့ အကြီးဆုံးပဲ။
4. Broad Band Wireless
Broad Band Wireless ကတော့ ရန်ကုန်မြို့တွင်း လက်ရှိ တော်တော်များများ အသုံးပြုနေကြပါတယ်။
ကဲ ဒီလောက်ဆို Internet connection ကို ဘယ်ကရတယ်ဆိုတာ အကြမ်းမျဉ်းသိပြီပေါ့။
Internet ကို ဘာတွေအတွက် အဓိက သုံးကြလဲ ?
1. Browsing & How to use Search Engine? (Brower နှင့် Search Engine ကို အသုံးပြုခြင်း)
2. E-mail & Voice-mail (စာပို့မယ်၊ အသံ file ပို့မယ်)
3. Chatting & Vedio chatting
4. Download & Upload
စတာတွေအတွက် အဓိက သုံးကြပါတယ်။ မမိုးတခုဆီ ပြန်ရှင်းသွားမယ်နော်။ အခေါ်အဝေါ်လေးတွေ သိဖို့ English လို ကြားညှပ် သုံးသွားပါမယ်။
1. Browsing & How to use Search Engine?
- Browsing (Browser အသုံးပြုခြင်း)
Browser ဆိုတာ ဘာလဲ?
Browser ဆိုတာ Interent ကို စပြီး အသုံးပြုမယ့် window ဆိုရင်လဲ မမှားပါဘူး။ Browser တွေက OS (Operating System) တင်လိုက်တာနဲ့ တခါတည်းပါတတ်တယ်။
ဥပမာ (IE - Internet Explorer)
Browser အမျိုးအစားလေးတွေ လက်လှမ်းမှီသလောက် ပေးသွားမယ်နော်။
1) Internet Explorer
2) Google Chrome
3) Mozilla Firefox (ဒါလေးကိုတော့ တော်တော်များများ သိကြမယ်လို့ထင်ပါတယ်)
4) Opera
5) Maxthon
6) Flock
7) Avant
8) Chromium (for Linux)
9) Orca ... အများကြီးရှိပါသေးတယ်။ Browser အသုံးပြုနည်းကို မမိုး သီးသန့် Ebook လုပ်ပြီး တင်ပေးပါ့မယ်။
- How to use Search Engine?
Search Engine (ရှာဖွေရေး ယန္တယားကြီးပေါ့) တွေကို Internet မှ စာများ၊ သီချင်းများ၊ ပုံများ၊ မြေပုံများ၊ ဗီဒီယို file များ၊ Software များရှာဖွေရန် အဓိကအသုံးပြုကြပါတယ်။ Search Enging တွေမှာ Search Box (ရှာဖွေရေး သေတ္တာ) တွေပါတယ်။ ၄င်း Search Box မှာ မိမိနှစ်သက်ရာ ဘာသာစကားဖြင့် ရိုက်သွင်းပြီး ရှာဖွေနိုင်ပါတယ်။ Search Enging အသုံးပြုနည်း ကို သီးသန့် Ebook လုပ်ပြီး မျှဝေသွားပါမယ်။ အကြမ်းမျဉ်း ဒီကနေ ပြောလိုက်ပါ့မယ်။
ပထမဆုံး Browser ကို ဖွင့်ပါ။ ပြီးလျှင် Search Engine address ကို Browser ရဲ့ Address Barမှာ ရိုက်ထည့်ပါ။ ပြီးလျှင် Search Box ထဲတွင် မိမိလိုချင်သော စာ(ဥပမာ- computer knowledge)၊ သီချင်း(ဂျက်ဆင်ထိပ်ကလရိပ်ပြာ)၊ ပုံ(Diana)၊ ဗီဒီယို(MrBean)၊ Software (Microsoft Security Essential Full Version Free Download) စသည့်ဖြင့် (ကွင်းထဲရှိစာသားများ အစား မိမိနှစ်သက်ရာကို ရေးနိုင်သည်) ရိုက်ပြီး Enter သာ နှိပ်လိုက်ပါ။ အနီးစပ်ဆုံးလင့်တွေ ကျလာရင် ရွေးချယ်ပြီး လင့်ကိုနှိပ်ပြီး ရှာနိုင်ပါတယ်။ ဒီလောက်ဆိုရင် Search Engine အကြောင်း နည်းနည်းလောက်တော့ သိသွားလောက်ပြီး။ အောက်မှာ Search Engine တွေကို လက်လှမ်းမှီသလောက်လေး မျှပေးထားပါတယ်။
Search Engine Addresses
www.google.com/
www.google.co.uk/ (Bold လုပ်ထားတာ မမိုးနှစ်သက်လို့နော်)
www.google.com.mm
www.bing.com
www.search.yahoo.com
www.ask.com
www.search.aol.com ...
အများကြီးရှိသေးတယ်နော် အသေးစိတ်တွေကို ဖြည်းဖြည်းချင်း ရေးသွားပါ့မယ်။
2. E-mail & Voice-mail (စာပို့မယ်၊ အသံ file ပို့မယ်)
Email အရှည်ကတော့ Electronic Mail ခေတ်တွေ စနစ်တွေပြောင်းလာတော့ ယခင် စာတိုက်များမှ စာပို့ကြရာမှ နည်းပညာအကျိုးကြောင့် တမြို့နဲ့ တမြို့၊ တနိုင်ငံနဲ့ တနိုင်ငံ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း စာပို့ဆက်သွယ်လို့ရလို့ ကမ္ဘာကြီးက ရွာတရွာလို့တောင် တင်စားလာကြတာပေါ့။ လျှပ်စစ်နည်းပညာကိုသုံးပြီး စာပို့နိုင်လို့ Email လို့ ခေါ်ကြတာပေါ့။ Mail Server အများကြီးရှိတဲ့ထဲက အချို့ကို မမိုး ရေးပေးသွားပါမယ်။
1) Gmail (www.gmail.com) (Free Mail)
2) Yahoo Mail (mail.yahoo.com) (Free Mail)
3) Hot Mail (www.htomail.com) (Free Mail)
4) Microsoft Mail (mail.live.com) (Free Mail)
5) mail4u (www.mail4u.com.mm) (Paid Mail - အခကျေးငွေဖြင့်) ...
Email Account ဖွင့်နည်းတွေက တခုနဲ့တခုသိပ်မကွာပါဘူး။ ကြိုးစားပြီးဖွင့်ကြည့်ပါ။ တချို့ Email တွေက ဖုန်းနံပါတ်တောင်းတာကလွဲရင်ပေါ့။ ဘယ်အရာကိုမဆို မိမိကိုယ်တိုင် ကြိုးစားစေချင်တယ်။ ကိုယ်တိုင်ရှာတွေ့တဲ့အရာက ပိုပြီး အနှစ်သာရရှိလို့ပါ။
Email address တခုကို လေ့လာကြည့်ရအောင်နော် ...
Email address တခုမှာ - user name
- @ (at ဟုအသံထွက်ရန်)
- Top Level Domain Name
- Second Level Domain Name (Mail Server) ဆိုပြီး (၄)ပိုင်းတွေ့နိုင်ပါတယ်။
moepcservice@gmail.com
- user name = moepcservice
- @
- Second Level Domain Name (mail server) = gmail
- Top Level Domain Name = com

Subscribe to:
Posts (Atom)