Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

တင်သမျှ ပို့စ်များအား Facebook တွင် ကြည့်ရှုနိုင်ရန် Facebook Page အား Like လုပ်ထားနိုင်ပါတယ်...

Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Sunday, February 2, 2014

အင်တာနက် Bandwidth 10 Gbps ဖေဖော်ဝါရီတွင် ထပ်မံတိုးချဲ့မည်


 
 
 
ရန်ကုန်၊ ဇန်နဝါရီ ၃၁
 
အင်တာနက် မြန်နှုန်း မြှင့်တင်ရန် အင်တာနက် Bandwidth ကို 10 Gbps အထိ ထပ်မံတိုးချဲ့နေပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ 
 
လက်ရှိ Bandwidth ပမာဏ 8.12 Gpbs ရှိသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ချိတ်ဆက်ထားသော မြဝတီ-မဲဆောက်ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်းကို မလေးရှားနိုင်ငံမှ Telekom Malaysia (TM ) Company က 10 Gb ထပ်မံတိုးချဲ့ ချိတ်ဆက်နေပြီး ယခုအခါ စက်မှုပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြီးစီးတော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

“တစ်နိုင်ငံလုံးအတွက် အင်တာနက် Backbone Bandwidth ဘယ်လောက်လိုမလဲ ဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး။ သေချာ စစ်တမ်းတွေ ဘာတွေ ကောက်ပြီးမှ ပြောလို့ရမယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။
 
လက်ရှိ မြန်မာနိုင်ငံတွင် SE-ME-WE 3 ရေအောက် ကေဘယ်လ် ဆက်ကြောင်းမှ 6.24Gbps၊ မြဝတီ-မဲဆောက် ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းမှ 8.12 Gbps၊ မူဆယ်-ရွှေလီ ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ကေဘယ်လ် ဆက်ကြောင်းမှ 2.5 Gbps၊ စုစုပေါင်း အင်တာနက် Backbone Bandwidth 16.86 Gbps ကို ချိတ်ဆက် အသုံးပြုနေသည်။
 
 
“ထပ်ချဲ့လည်း မလောက်တာတော့ အမှန်ပဲ။ အင်တာနက် သုံးစွဲသူနဲ့ အင်တာနက် Bandwidth နဲ့က မမျှတတဲ့ အနေအထား ရှိတယ်။ ဖြစ်နိုင်ရင် Gateway တွေထပ်ချဲ့မှ အဆင်ပြေမယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။
 
Ref:
 The Voice Weekly

Wednesday, January 29, 2014

ဖုန်းဆင်းကတ် ပျောက်ဆုံးသူများ စာရွက်စာတမ်းမရှိပါက


ဖုန်းဆင်းကတ် ပျောက်ဆုံးသူများ စာရွက်စာတမ်းမရှိပါက နောက်ဆုံး ခေါ်ယူထားသည့် ဖုန်းခေါ်ဆိုမှု သုံးကြိမ်ကို ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ်ပေးတော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “ဘာစာချုပ်မှ မပြဘဲ ရဲစခန်းထောက်ခံချက်တွေနဲ့ လုပ်ပေးတဲ့စနစ်ကို ဖျက်သိမ်းလိုက်တာပါ။ 
 ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ် ထုတ်မပေးတော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးကိုကိုအောင်က ပြေသည်။ စာရွက်စာတမ်း အချက်အလက် အပြည့်အစုံပါရှိသည့် ဖုန်းများကိုမူ ယခင်အတိုင်း စစ်ဆေးမှုများပြုလုပ်၍ ဆင်းကတ် ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ပြီး နောက်ဆုံး ခေါ်ဆိုထားသည့် ဖုန်း  3 Calls ပြစရာမလိုကြောင်း ၎င်းက ဆက်လက် ပြောသည်။ “နောက်ဆုံးဖုန်း 3 Calls မမှတ်မိဘူးလို့ ပြောကြမှာပါ။ ဒါပေမဲ့ ဖုန်းပျောက်သူတွေအနေနဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဆက်မိကြမှာပါ။ 
ကျွန်တော်တို့အနေနဲ့ ကောက်ရိုးမျှင်တစ်မျှင် ရှာဖွေသလိုမျိုး အစရှိရုံနဲ့ ကတ်ပြန်လည် လုပ်ပေးလို့ ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာ ရဲစခန်းထောက်ခံချက်ဖြင့် လာရောက် လျှောက်ထားသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တရားရုံးများတွင် သက်သေ ထွက်ဆို ပေးနေရသည့်အတွက် ပိုမိုလွယ်ကူသောစနစ်ကို ပြောင်းလဲခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
  လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းဆင်းကတ် ပျောက်ဆုံးမှုကို စာချုပ်မရှိပါက နောက်ဆုံး ခေါ်ဆိုသည့် ဖုန်း 3 Calls ပြနိုင်မှ လျှောက်ထားခွင့်ပြုမည်ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောဆိုထားသော်လည်း ဆင်းကတ် ပြန်လည်ထုတ်ပေးသည့် ဆက်သွယ်ရေးရုံးများ၌မူ စာချုပ်ပါရှိပါကလည်း နောက်ဆုံးခေါ်ဆိုသည့် ဖုန်း 3 Calls ကို သတ်သေပြခိုင်း၍ ဖုန်းဆင်းကတ် ပျောက်သူများ အခက်တွေ့နေကြောင်း သိရသည်။ “ကိုယ့်ဖုန်းပျောက်လို့ ကိုယ်တိုင်လာပြီး စာချုပ်နဲ့လာတာတောင် မရဘူးပြောနေတယ်။ ရုံးချုပ် ရွှေဂုံတိုင်ရုံးကို သွားပါ။ အကူအညီ ပေးပါလိမ့်မယ်လို့ လမ်းညွှန်နေပါတယ်” ဟု ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၌ ဖုန်းဆင်းကတ် လျှောက်ထားသူတစ်ဦးက ပြောသည်။
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း ဆင်းကတ်များ ပျောက်ဆုံးမှု ပြန်လည် လျှောက်ထားခြင်းကို ယခင် ကျပ်ငါးသိန်းဖုန်းများ ပေါ်ပေါက်စဉ် ကာလတွင် ကျပ်ငါးသောင်း ကောက်ခံခဲ့သော်လည်း ကျပ်နှစ်သိန်းတန်ဖုန်းများ ပေါ်ပေါက်လာပြီးနောက် ကျပ်ငါးသောင်းမှ ကျပ်နှစ်သောင်းသို့ လျှော့ချပေးခဲ့သည်။ လက်ရှိ ကျပ်တစ်ထောင့်ငါးရာဖုန်းများ ရှိလာသည့် အချိန်အထိ ကျပ်နှစ်သောင်းနှုန်းအတိုင်း ဆက်လက် ကောက်ခံနေကြောင်း သိရသည်။
 မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းဆင်းကတ် ပျောက်ဆုံးမှုကြောင့် ပြန်လည်လျှောက်ထားပါက နောက်ဆုံးဖုန်း 3 Calls ပြခိုင်းမှုကို ယခုလ ၂၇ ရက်နေ့မှ စတင်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Credit to- khit lu nge

Tuesday, January 28, 2014

တယ်လီနောနှင့် အော်ရီဒူး



ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ထားသော တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီ တို့၏ လုပ်ငန်းလိုင်စင်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင် လက်မှတ်ရေးထိုး ချထားပေး မည် ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် က ပြောကြား သည်။“အစိုးရဘက်က ရွေးချယ်ခံထားရတဲ့ မိုဘိုင်းလ် အော်ပရေတာနှစ်ခုကို ဒီလ ၃၀ ရက်နေ့မှာ လက်မှတ် ထိုးပေးဖို့ လျာထားတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာအစိုးရက လိုင်စင်အတည်ပြုပြီးနောက် လိုင်စင် ဆိုင်ရာ စာရွက်စာတမ်းကို တယ်လီနော မြန်မာဘက်မှ စိစစ်နေပြီး သက်မှတ်ထားသော အချိန်တွင်း အစိုးရထံ အကြောင်းပြန်ကာ လိုင်စင်ယူမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ ကုမ္ပဏီထံမှ သိရသည်။ဖုန်းဆင်းမ်ကတ် ရောင်းချခြင်းကို အော်ရီဒူးက လိုင်စင်ရပြီး ခြောက်လအကြာတွင် စတင်မည်ဖြစ်ပြီး တယ်လီနောက ရှစ်လအကြာတွင် စတင်မည်ဟု ကြေညာထားသည်။ တယ်လီနော ကုမ္ပဏီသည် ငါးနှစ် အတွင်း မိုဘိုင်းလ် ဝန်ဆောင်မှုနှင့် ဆင်းမ်ကတ် ရောင်းချမည့် လက်လီဆိုင်ခွဲပေါင်း တစ်သိန်းအထိ ဖွင့်လှစ်ပြီး ဝန်ထမ်း ၉၉ ရာခိုင်နှုန်းကိုလည်း ပြည်တွင်းမှ ဒေသခံများကိုသာ ခန့်အပ်သွား မည်ဖြစ်ကြော င်း ကြေညာထားသည်။


တယ်လီနောနှင့် အော်ရီဒူးကို ဆက်သွယ်ရေးလိုင်စင် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ချပေးမည်




အော်ရီဒူး ကုမ္ပဏီကလည်း ၅ နှစ်အတွင်း ဆင်းမ်ကတ်အရောင်းဌာန ၂၄၀,၀၀၀ နှင့် လက်ခွဲအရောင်းဌာန ၇၂၀,၀၀၀ အထိ ဖွင့်လှစ်ပြီး ပြည်တွင်းဝန်ထမ်း ၉၉ ဒသမ ၉ ရာခိုင်နှုန်း ခန့်အပ်သွားမည်ဖြစ်သည်။

ယမန်နှစ်အတွင်းက လိုင်စင်ကိစ္စ အပြီးသတ်မည်ဟု ဆိုခဲ့သော်လည်း အချိန်များစွာ နောက်ကျပြီးမှ အပြီး သတ်နိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာပျက်စရာဖြစ်ကြောင်း ကွန်ပျူတာပရိုဂရမ်မာ တစ်ဦးဖြစ်သူ ဦးဖြိုးဝေမြင့် က သုံးသပ်သည်။
မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတယ်လီပို့၊ တယ်လီနောနှင့် အော်ရီဒူး စသည့် ဆက်သွယ်ရေး အော်ပရေ တာ ကုမ္ပဏီများအနေနှင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ ဒသမ ၅ သန်း ချထားပေးရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကြေ ညာ ထားသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့သော ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်း က နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် တယ်လီနောကုမ္ပဏီနှင့် ကာတာအစိုးရ ပါဝင်ပတ်သက်မှုရှိသော အော်ရီဒူးကုမ္ပဏီတို့ကို ပြည်တွင်းတွင် မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ရန် ရွေးချယ်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ထုတ် The Voice သတင်းစာ တွင် ဖော်ပြထားပါသည်။

Credit to-Khit Lu Nge

Related Posts Plugin for WordPress, Blogger...