Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

တင်သမျှ ပို့စ်များအား Facebook တွင် ကြည့်ရှုနိုင်ရန် Facebook Page အား Like လုပ်ထားနိုင်ပါတယ်...

Monday, May 25, 2015

LG ဖုန်းဆိုင်ရာ Devices အားလုံးကို ဖုန်းမှာတင် Root လုပ်နိုင်ပါပြီ (ကွန်ပျူ တာမလို)

မင်္ဂလာပါ
ဒီပိုစ့်ကို ရေးဖြစ်သွားတာက FB မှ ညီအကိုတစ်ယောက်
သူ့ဖုန်း LG G3 ဖုန်းအတွက် မြန်မာစာအဆင်မပြေဖူး
Root လုပ်နည်းလေးကို တစ်ချက်လောက် ရှင်းပြပေးနိုင်မလားဆိုပြီး
မေးလာတာနဲ့ အားလုံးလည်း အဆင်ပြေသွားအောင်
တင်ပေးလိုက်တာဖြစ်ပါတယ်။

အရင် ကျနော့် ဘော်ဒါ Admin တစ်ယောက်ဖြစ်တဲ့ ဦးလေးကြီးလည်း
ဒီ LG ဖုန်းများနဲ့ပတ်သက်လို့ Root tool Apk လေးကို ဗားရှင်းအစုံ
တင်ပေးဖူးပါတယ် တောင်းဆိုလာတော့လည်း ပိုပြီးပြည့်စုံသွားအောင်လို့
အကောင်းဆုံးဖြစ်အောင် Root Tool Apk များ၏ ဗားရှင်းများနဲ့
Root လုပ်နည်း Video Tutorial ကိုပါ တင်ပေးလိုက်ပါတယ်။

ဒီ Root Tool Apk လေးကတော့ LG ဖုန်းဆိုင်ရာ Devices အားလုံးကို
ဖုန်းမှာတင် ကွန်ပျူ တာမလိုပဲ Root လုပ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

ကွန်ပျူ တာအဆင်မပြေကြတဲ့ ဘော်ဒါတွေအတွက်တော့ လုံးဝအကြို က်
ဖြစ်စေမှာပါ အခုနောက်ပိုင်းလည်း တော်တော်များများ တောင်းဆိုမှုကလည်း
ကွန်ပျူ တာမလိုပဲ ဖုန်းမှာတင် Root အလွယ်လုပ်နည်းနဲ့ Root လုပ်နိုင်တဲ့
Apk လေးကိုပဲ တောင်းဆိုလာကြတာ များပါတယ်။

တစ်ခြားသော ကျနော်လက်လှမ်းမှီသလောက်ပြောရရင်တော့
LG 3 ဖုန်းကိုတော့ Root လုပ်နိုင်တဲ့ နည်းလမ်းပေါင်း ၅ ခုထိရှိမယ်ထင်ပါတယ်။
  1. IOroot
  2. Towelroot
  3. Purpledrake
  4. Stump Root
  5. RootTool
အထက်ဖေါ်ပြပါ Method များဖြင့် LG 3 ဖုန်းများကို အလွယ်တကူပဲ
Root လုပ်ယူနိုင်မှာ ဖြစ်ပါတယ် အခုတော့ Stump Root နည်းလမ်းကိုပဲ
ကျနော် တင်ပေးလိုက်တာ ဖြစ်ပါတယ်၊ ကျန်တဲ့ နည်းလမ်းများကိုတော့
နောက်ပိုင်း တင်ပေးသွားဖို့ ရှိပါတယ်။

Stump Root Apk ဖြင့် Root လုပ်နည်း
==================
ပထမဆုံး ပြောချင်တာကတော့ ဖုန်းတစ်လုံးကို Root လုပ်တော့မယ်
ဆိုရင်တော့ အနည်းဆုံး သင့်ဖုန်းမှာ ဘက်ထရီအားက %75 & 80% လောက်
တော့ရှိထားသင့်ပါတယ်။
 ပြီးတော့ ဖုန်းရဲ့ Data များနဲ့ App များကို Backup လုပ်နည်းကို ကျနော်
ဟိုတလောက ဖုန်းမှာတင် လုပ်နည်းနဲ့ ကွန်ပျူ တာကနေလုပ်ယူ
နည်းများကို အသေးစစ်ရှင်းပြပေးခဲ့ပါပြီ။

ဖုန်းမှာတင် Backup apk များကို အသုံးပြု ပြီး
Backup အလွယ်တကူ လုပ်ယူနည်းကို အောက်လင့်မှာ ၀င်ဖတ်ပေးပါ။

ဖုန်း System တစ်ခုလုံးကို Backu and Restore ဆိုင်ရာ ဖုန်းမှာတင် အလွယ်တကူ လုပ်ယူနည်းအပြည့်အစုံ 

 ဖုန်းရဲ့ Data များနဲ့ App များကို ကွန်ပျူ တာကနေ
Backup Tool များကို အသုံးပြု ပြီး အလွယ်တကူ Backup လုပ်
ယူနည်းကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ  
 Backup လုပ်နည်းနဲ့ Restore လုပ်နည်းများကို အဆင်ပြေပြီးရင်တော့
Root လုပ်နည်းကို စလိုက်ကြရအောင်ပါ လိုအပ်တာကိုအောက်မှာရယူပါ

Stump-v1.0.0.apk
=========== 
 ဒီကောင်လေးကိုတော့ ဖားရှင်းအနိမ့်အတွက် ပိုအဆင်ပြေပါတယ်
လိုအပ်ရင် အသုံးပြု လို့ရအောင် အောက်ကလင့်မှာ ရယူထားလိုက်ပါ

Download Here

OR

Download Here

OR

Download Here

Stump-v1.2.0.apk
 ============
ဒီကောင်လေးကတော့ LG ဖုန်းဆိုင်ရာ ဗားရှင်းအနိမ့်မှ အမြင့်
 ဘယ်ဖုန်းအမျိုးအစားကိုမဆို Root လုပ်နိုင်မှာ ဖြစ်ပါတယ်။

Download Here

OR

Download Here

OR

Download Here

၁။ ဒေါင်းလော့ရလာတဲ့ Root apk လေးကို ဖုန်းရဲ့ SD Card ထည့်သို့
ကူးထည့်လိုက်ပါ (ဖုန်းကနေဒေါင်းလော့ရယူရင်တော့မလိုပါ)

၂။ Root Apk လေးကို ဖုန်းမှာ အင်စတောလုပ်ပါ
အင်စတောလုပ်ရန်အတွက် Settings> Security >
 Unknown sources ကို အမှန်ခြစ်ပေးထားပါ။ 

၃။ အင်စတောလုပ်ပြီးရင်တော့ Root Apk လေးကို ဖွင့်လိုက်ပါ
ပြီးရင် Root လုပ်ရန်အတွက် Grind ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ
ပြီးရင် ခနလေးစောင့်နေလိုက်ပါ ဘာမှထပ်လုပ်ပေးစရာမလိုတော့ပါ။

၎။ Root လုပ်ခြင်းအောမြင်ကြောင်း Place Reboot Your Device
စသည်ဖြင့် ပြနေရင်တော့ ဖုန်းကို Restart ချပေးလိုက်ပါ
ပြန်တက်လာရင်တော့ SuperSu apk လေးက သင့်ဖုန်းမှာရောက်နေပါလိမ့်မယ်၊


သင့်ဖုန်းမှာ Root Access ရှိလား မရှိလား သိချင်ရင်တော့
Root Checker လေးနဲ့ စမ်းသပ်နိုင်ပါတယ်။

Click Here to Download Root Checker 


အားမရသေးရင်တော့ ဒီLG ဖုန်းဆိုင်ရာ Devices အားလုံးကို
ဖုန်းမှာတင် Root လုပ်နည်း Video Tutorial ကို အောက်မှာကြည့်လိုက်ပါ


Credit xda-developers

 အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
ခင်မင်လေးစားလျှက်


အဆင်ပြေပါစေ

credit~~

ဇူးနစ်(နည်းပညာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...