Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

တင်သမျှ ပို့စ်များအား Facebook တွင် ကြည့်ရှုနိုင်ရန် Facebook Page အား Like လုပ်ထားနိုင်ပါတယ်...

Sunday, February 2, 2014

အင်တာနက် Bandwidth 10 Gbps ဖေဖော်ဝါရီတွင် ထပ်မံတိုးချဲ့မည်


 
 
 
ရန်ကုန်၊ ဇန်နဝါရီ ၃၁
 
အင်တာနက် မြန်နှုန်း မြှင့်တင်ရန် အင်တာနက် Bandwidth ကို 10 Gbps အထိ ထပ်မံတိုးချဲ့နေပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ 
 
လက်ရှိ Bandwidth ပမာဏ 8.12 Gpbs ရှိသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ချိတ်ဆက်ထားသော မြဝတီ-မဲဆောက်ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်းကို မလေးရှားနိုင်ငံမှ Telekom Malaysia (TM ) Company က 10 Gb ထပ်မံတိုးချဲ့ ချိတ်ဆက်နေပြီး ယခုအခါ စက်မှုပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြီးစီးတော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

“တစ်နိုင်ငံလုံးအတွက် အင်တာနက် Backbone Bandwidth ဘယ်လောက်လိုမလဲ ဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး။ သေချာ စစ်တမ်းတွေ ဘာတွေ ကောက်ပြီးမှ ပြောလို့ရမယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။
 
လက်ရှိ မြန်မာနိုင်ငံတွင် SE-ME-WE 3 ရေအောက် ကေဘယ်လ် ဆက်ကြောင်းမှ 6.24Gbps၊ မြဝတီ-မဲဆောက် ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းမှ 8.12 Gbps၊ မူဆယ်-ရွှေလီ ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ကေဘယ်လ် ဆက်ကြောင်းမှ 2.5 Gbps၊ စုစုပေါင်း အင်တာနက် Backbone Bandwidth 16.86 Gbps ကို ချိတ်ဆက် အသုံးပြုနေသည်။
 
 
“ထပ်ချဲ့လည်း မလောက်တာတော့ အမှန်ပဲ။ အင်တာနက် သုံးစွဲသူနဲ့ အင်တာနက် Bandwidth နဲ့က မမျှတတဲ့ အနေအထား ရှိတယ်။ ဖြစ်နိုင်ရင် Gateway တွေထပ်ချဲ့မှ အဆင်ပြေမယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။
 
Ref:
 The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...